ဦးရေအဆီပြန်ပြီး ဆံပင်ကျွတ်တဲ့သူတွေအတွက် shampoo နဲ့ hair treatment လေးများ

ဒီနေ့ hair care series လေးရဲ့ အဓိကဇာတ်လိုက်ကျော်ကတော့ Kundal ဖြစ်ပါတယ်။ Kundal က ခေါင်းအစခြေအဆုံး skincare အပြင် personal care products တွေကိုပါ အများကြီး ထုတ်ထားတာပါ။Korea အခြေစိုက် brand ဖြစ်ပြီးတော့ အထူးသဖြင့် သူ့ရဲ့ shampoo တွေက နာမည်ကြီးတယ်။ natural shampoo category အောက်မှာ ဆုတွေတသီကြီးရထားတာ။
Shampoo ထဲမှာဆို ရွေးချယ်စရာ လေးမျိုးရှိတယ်။ Kundal ရဲ့ unique signature ကတော့ fragrance ပဲ။ fragrance တွေကို ကိုယ်ပိုင် lab ထဲမှာ စနစ်တကျစမ်းသပ်ပြီးမှ ထုတ်တဲ့အတွက် hair care,body care ပစ္စည်းတွေအားလုံး အနံ့ အရမ်းကောင်းတယ်။သုံးစွဲသူအဖို့ luxurious feeling ရတဲ့အပြင် စိတ်ကျေနပ်မှုကိုလည်း ရစေတာပေါ့။
ဒီ post မှာတော့ မေသဘောကျတဲ့ hair care လေးတွေအကြောင်းကို တစ်ခုစီ အသေးစိတ်ရေးထားတာဆိုတော့ ဖတ်ကြည့်ပြီးအဆင်ပြေတာလေးကို ရွေးချယ်လို့ ရတာပေါ့နော်။စိတ်ဝင်စားလို့ ဝယ်ယူချင်ရင်တော့ Beauty & Me နဲ့ Kundal Myanmar_Official မှာ မေးကြည့်ပါနော်။ခုချိန်ဝယ်ရင် sale ရှိလို့ တန်ပါတယ်။
Original Post Link >> https://facebook.com/blogbymay03/posts/pfbid02TrqM4gmMjjmVfaP2TtjUdHcTr6684SDW7txbBG77yDxkDhHAGfzT6sszaMxd7z8gl
Kundal tea tree & macadamia Pure Natural Balancing Deep cleansing Shampoo review (for oily scalp)

ဦးရေအဆီပြန်လွန်းလို့ shampoo ကောင်းကောင်းလေး ညွှန်းပါဦးဆိုရင် ဒီ shampoo လေးကို မေညွှန်းပါရစေ။ဒီ shampoo ရဲ့လုပ်ဆောင်ချက်ကို မေတော်တော်လေး သဘောကျတယ်။ plant derived surfactant တွေကိုသာ သုံးထားတဲ့အတွက် cleansing ပိုင်းမှာ ငြင်ငြင်သာသာလေးနဲ့ ထိရောက်ပါတယ်။ဂျီးနဲ့အဆီတွေ သေချာပြောင်ပြီး ဦးရေရှင်းပြီးအေးသွားတဲ့ ခံစားချက်ကိုရလို့ မေ့လို oily scalp အနေနဲ့ အတော်လေးကြိုက်မိတယ်။

ပြီးတော့ tea tree extract နဲ့ peat water ပါလို့ ဦးရေပြား အဆီပြန်ပြီး ယားယံတာကို သက်သာစေတယ်။မေ့ဆံပင်က ခေါင်းမလျှော်ဖြစ်တာ သုံးရက်လောက်ဆိုရင် စေးကပ်ပြီး ခေါင်းတွေယားလာတတတ်တယ်။ဒါလေးသုံးရင် သုံးရက်အထိ နေသာထိုင်သာရှိနေရော။သူ့ပုံစံက ဦးရေပြားက အဆီတွေသေချာပြောင်ပြီး balance ဖြစ်လာအောင် လုပ်ပေးတော့ အဆီပြန်တာလေးက ဖြည်းဖြည်းချင်း သက်သာလာတာ။

Deep cleansing shampoo အများစုက အဆီတော့ပြောင်ပါရဲ့၊ ပြသနာက ခေါင်းလျှော်ပြီးရင် ဦးရေပြားက ခြောက်ကပ်ကပ်နဲ့ ဆံသားကလည်း ကြမ်းထော်ပြီး ဖွာလန်သွားတာမျိုး ရှိတယ်လေ။ Cleansing ဆိုတာ အလွန်အကျွံဖြစ်သွားရင်လည်း ဆံသားတွေ အဆီအနှစ်ခမ်းခြောက်ပြီး ထိခိုက်စေနိုင်လို့ Kundal ရဲ့ formula မှာ nourishing oil ငါးမျိုးနဲ့ panthenol,shea butter လို အစိုဓာတ်ဖြည့်ပေးတာလေးတွေနဲ့ ပြန်ထိန်းထားတာ တွေ့ရတယ်။ဒါ့အပြင် pH balanced လည်း ဖြစ်သေးတယ်နော်။ silicone free shampoo ဆိုပေမဲ့ ခေါင်းလျှော်ပြီးရင် ဆံပင်လေးက ပျော့ပြီးအိအိလေး ကျန်တာ။🥰

အမြှုပ်ထမှ လျှော်တတ်တယ်ဆိုရင်လည်း သူကအမြှုပ်အိအိလေးလေးတွေ အများကြီးထလို့ စိတ်မပူနဲ့နော်။ Exercise လုပ်လေ့ရှိတာကြောင့် ချွေးထွက်များပြီး ခေါင်းနေ့တိုင်းလျှော်ရမယ်ဆိုရင်လည်း ဆံသားမထိခိုက်စေလို့ ဒါလေးနဲ့ အဆင်ပြေလိမ့်မယ်။

မေကတော့ Cherry blossom 🌸 အနံ့လေး သုံးဖြစ်တယ်။ sweet floral scent လေးဆိုပေမဲ့ စူးစူးအီအီကြီး မဟုတ်ဘူးကွယ်။ cute & girly ဖြစ်တဲ့ ခံစားချက်ကို ရစေတဲ့ အနံ့မျိုး။ခေါင်းလျှော်နေတုန်းမှာရော လျှော်ပြီးရင်ရော အနံ့က အကြာကြီးစွဲတာကို သဘောကျမိတယ်။

ဒီ shampoo လေးက ဘယ်သူတွေနဲ့ သင့်တော်မလဲဆိုရင် ဆံသားအဆီပြန်တာ သက်သာချင်သူတွေ၊ လျှော်ပြီးတာနဲ့ ဆံပင်တွေကြမ်းထော်သွားတဲ့ deep cleansing shampoo မျိုးကို မကြိုက်သူတွေ၊ ခေါင်းယားပြီးဗောက်ထလွယ်သူတွေ၊ ဆံနွယ်တွေ လေမှာလွင့်တိုင်း မွှေးပျံ့နေချင်သူတွေ အနေနဲ့ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါရှင်။

Kundal Natural Caffeine & Intensive Scalp Care Shampoo review(for hair loss)

စာဖတ်နေကြသူဆိုရင် မေတစ်ခါမှ anti hair loss shampoo review မရေးဖူးသေးတာ သတိထားမိလိမ့်မယ်။တကယ်က အရမ်းအကြိုက်တွေ့ပြီး စွဲသုံးနေဖြစ်တဲ့ hair loss care shampoo က ရှိတယ်။ကုန်လုကုန်ခါနီးဖြစ်တော့မှ ထုတ်ပြသင့်ပြီထင်လို့ ရေးလိုက်ပါတယ်။

ဒီ shampoo လေးက Kundal ရဲ့ နာမည်ကြီး best seller ထဲမှာပါတယ်။ဆံပင်ကျွတ်တဲ့ ပြသနာက လူအတော်များများ ခံစားဖူးတယ်မဟုတ်လား။ဒီပြသနာကို ရှင်းလင်းဖို့အတွက် သေချာ research လုပ်ပြီးမှ ထုတ်ထားတာ။

မြေဆီလွှာကောင်းမှ အပင်သန်မှာဆိုတော့ ဆံပင်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဦးရေပြားကျန်းမာအောင် target ထားတာကို တွေ့ရတယ်။ Scalp care အတွက် ကော်ဖီစေ့ကနေရတဲ့ caffeine 1% ပါတယ်။ caffeine က ဘာအတွက်ကောင်းလဲဆိုရင် ဆံပင်အရင်းအမြစ်ကနေ သန်မာစေပြီးတော့ hair loss hormone ကို တားဆီးပေးတယ်။

ဆံပင်ပေါက်တဲ့ အမွေးအိတ်လေးတွေမှာ အဆီနဲ့ဂျီးတွေ ပိတ်ဆို့နေရင်လည်း ဆံပင်ကျွတ်လွယ်တဲ့အတွက် ဒါကိုရှင်းဖို့ Salicylic acid လေးလည်း ထည့်ထားတယ်။ဒါ့အပြင် ဦးရေပြားကို ကျန်းမာသန်စွမ်းစေဖို့ ဆေးဖက်ဝင်အပင်တွေ၊ Niacinamide လည်း ပါသေးတယ်။ဒါတွေအားလုံးပေါင်းပြီး ဆံပင်အကျွတ်နည်းသွားစေတာရယ်။

ဆံပင်ကျွတ်တာရော သက်သာလားဆိုရင် ခါတိုင်းလောက်တော့ မကျွတ်တော့တာ အမှန်ပဲလို့ ပြန်ဖြေပါရစေ။ခါတိုင်းဆို ခေါင်းလျှော်တုန်းလည်းကျွတ်၊ ဘီးဖြီးလည်းကျွတ်၊ dryer သုံးေတော့လည်းကျွတ် ဘာလုပ်လုပ်ကျွတ်နေတဲ့ ဆံပင်က ဖြေးဖြေးချင်း အကျွတ်လျော့သွားတယ်။ရေချိုးခန်းထဲ ဆံပင်ချည်အထွေးလိုက် မမြင်ရတာလည်း ဝမ်းသာစရာ တစ်ခုပဲ။🥰

အမြှုပ်အိအိလေးတွေလည်း သေချာထွက်တဲ့အပြင် အနံ့လေးကလည်း မွှေးတော့လေ ခေါင်းလျှော်ရတာ စိတ်တွေကိုချမ်းသာလို့။ဦးရေအဆီပြန်တဲ့သူ​ရော၊ ဆံသားခြောက်သူရော သုံးလို့အဆင်ပြေပါတယ်။

ရွေးချယ်စရာ အနံ့တွေအများကြီးထဲမှာ သိသာထင်ရှားတဲ့ ပန်းရနံ့ မွှေးမွှေးသင်းသင်းလေးကြိုက်တယ်ဆိုရင် Ylang Ylang အနံ့ကို recommend လုပ်တယ်။ cute & romantic ဖြစ်တဲ့အနံ့လို့ပဲ ပြောရမလား။ dryer မှုတ်ပြီးရင် ကျန်ခဲ့တဲ့အနံ့က မွှေးပျံ့နေရော။မေအကြိုက်ဆုံး အနံ့လေးဆိုလည်း ဟုတ်တယ်။😙

ဆံပင်ကျွတ်တာက အာဟာရချို့တဲ့ပြီး stress များရင်လည်း ဆံပင်ကျွတ်တဲ့အတွက် ဒါလေးတွေကိုလည်း ဂရုတစိုက်ဖို့ တပါတည်းမှာလိုပါတယ်။ဦးရေပြားက sensitive ဖြစ်ပြီးတော့ ဆံပင်ကျွတ်လွန်းလို့ စိတ်ညစ်နေရင် သုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။

Kundal hydro intensive premium hair treatment review

ဆံသားကို အားဖြည့်ပေးပြီး budget လည်း ကိုက်ရမယ်၊ quality လည်း ကောင်းရမယ်ဆိုရင် ဒါလေးသာသုံးကြည့်။ All hair types နဲ့ အဆင်ပြေမယ်လို့ မေထင်တယ်။သူ့ကိုသုံးပြီးရင် ဆံပင်က သဘာဝဆန်ဆန် အိအိစင်းစင်းလေး ဖြစ်တယ်။လေးပြီး weight ရှိသွားတာမဟုတ်လို့ ဆံလုံးသေးပြီး ဆံပင်ပါးတဲ့သူတွေအတွက် ပြားကပ်ကပ်ကြီး ဖြစ်မသွားဘူးပေါ့နော်။

ဆံပင်က ငြိလွန်းလို့ ရှင်းရခက်တယ်ဆိုရင်လည်း သုံးကြည့်နော်။ဆံသားထဲ အလွယ်တကူစိမ့်ဝင်ပြီး အာဟာရဖြည့်တင်းပေးတဲ့ hydrolyzed protein ကြောင့် အချိန်ခဏလေးထားပြီး ရေဆေးလိုက်တာနဲ့ ဆံပင်လေးက ပျော့ပျော့ဝဲဝဲလေး ဖြစ်သွားတာ။ဆံသားက သွက်သွားတော့ အရင်လို မငြိတော့ဘဲ ပြတ်ထွက်တာတွေ၊ ကျိုးကြေတာတွေ သက်သာစေတယ်။ဖြီးရ၊ရှင်းရတာ လွယ်သွားတယ်။ဆံပင်အတွက်ကောင်းတဲ့ အဆီအနှစ်တွေအပြင် plant extract 29 ခုကြောင့် ဆံသားက အစိုဓာတ် ကောင်းကောင်းရတယ်။

မေက ပေါင်းဆေးတွေကို ရေဆေးရတာကြာရင် သိပ်သဘောမကျဘူး။တချို့ treatment တွေဆို အာနိသင်လေးကောင်းပေမဲ့ ရေဆေးရတာ ကြာလွန်းပြီး ဇက်ညောင်းလာတဲ့အထိ မပြောင်လို့ ဆက်မသုံးဖြစ်တာတွေ ရှိတယ်။ Kundal ကတော့ Texture မပျစ်မကျဲ အနေတော်လေးနဲ့ ရေဆေးချရင် ခက်တဲ့ထဲမပါဘူးရယ်။

Kundal product တွေက fragrance ပိုင်းကို lab တွေနဲ့ သေချာစမ်းသပ်ပြီးမှ ထုတ်ထားတာမို့ အနံ့လေးတွေက ထူးခြားတယ်။မေကတော့ ထုံးစံအတိုင်း Ylang Ylang အနံ့ကိုပဲ ရွေးဖြစ်တယ်။

500 ml,238 ml ဆိုပြီး size နှစ်ခု ထွက်တယ်။ဆံသားခြောက်ပြီး ငြိတတ်သူတွေ၊ ဆံပင်မပျက်စီးအောင် ကာကွယ်ချင်သူတွေ၊ ဆံသားဝိတ်ရှိသွားတာမျိုးမဟုတ်ဘဲ ပျော့ပြောင်းသွားတာမှ ကြိုက်တယ်ဆိုရင် အရွေးသင့်ဆုံးပါရှင်။

ဦးရေပြားအဆီပြန်ပြီး အဖျားတွေခြောက်တယ်ဆိုရင် tea tree shampoo အစိမ်းလေးနဲ့ ဒီ treatment လေးကို တွဲသုံးလို့ရပါတယ်။

Leave a Reply