မျက်နှာပူတာ နေလောင်ပြီးrashထွက်တာကို လျှော့ချပေးပြီးလူးရတာပေါ့ပါးတဲ့suncream💚 cosrx : aloe soothing suncream review-REVIEWED BY DAN’S DIARY
မျက်နှာပူတာ နေလောင်ပြီးrashထွက်တာကို
လျှော့ချပေးပြီးလူးရတာပေါ့ပါးတဲ့suncream
cosrx : aloe smoothing suncream{review}
ဒါလေးကခုနှစ်နွေရာသီပူပုံပူနည်းနဲ့အလိုက်ဖတ်ဆုံးလို့ကိုပြောလို့ရတယ်။aloe vera 55000ppmပါလို့ မျက်နှာကိုနေအပူကြောင့်မျက်နှာနီရဲပြီးပူတာ rash တွေထတာကိုလျှော့ချပေးပြီးclamဖြစ်စေတယ်။ခုနွေရာသီကaloe vera smoothing gelတွေတောင်သက်သက်သုံးနေရတဲ့အချိန်ဆိုတော့ ဒါလေးကခုရာသီနဲ့တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။
hybrid suncreamဖြစ်ပေမယ့်chemical suncream ingredient ကပိုများတာကြောင့်chemical suncream လို့ပဲပြောရင်ကိုရနိုင်ပါတယ်။chemical suncream ပုံစံဘက်ကိုပိုသွားတာကြောင့်white castလည်းတစ်စက်မှမကျန်ပါဘူး။
textureကကြည့်လိုက်ရင်ထူထူကြီးနဲ့blendရခတ်မယ်လို့ထင်ရပေမယ့်တကယ်လူးတဲ့အခါအရမ်းကို blend ရလွယ်ပြီး လူးရတာညက်ညောနေရောပဲ။သူ့မှာ alcohol လေးနည်းနည်းနဲ့fragranceလေးနည်းနည်းတော့ပါပါတယ်။
alcoholပါပေမယ့်အသားလုံးဝမခြောက်ပဲfinishကစိုစိုအိအိglow lookလေးသွားတာဖြစ်လို့oily skinတွေဆိုmoisturizer skipလို့တောင်ရပါတယ်။နောက်ပြီးပါတဲ့ fragranceကလည်းသင်းသင်းလေးနဲ့ပါတယ်ဆိုရုံပဲမလို့အနံ့sensitiveဖြစ်တတ်တဲ့သူတွေကအစအဆင်ပြေပါလိမ့်မယ်။
လူးလိုက်ရင်မဲသွားတာမှောင်သွားတာပြာသွားတာမျိုး အိုက်အိုက်ကြီးဖြစ်သွားတာမျိုးမဖြစ်ပဲglow lookလေးနဲ့တစ်နေကုန်နေလို့ကောင်းတယ်။မပေါ့မပါးဖြစ်တာမျိုးလုံးဝမဖြစ်ဘူး။
dan”ဝယ်တာတော့Beauty & Me ကပါ။50ml full size ကိုမှ3သောင်းမပြည့်တာဖြစ်လို့ဈေးနှုန်းလည်းသင့်လို့မဖြူမပြာတဲ့suncreamကောင်းကောင်းလေးရွေးချင်ရင်cosrx ရဲ့ aloe suncreamကလည်းထည့်စဉ်းစားသင့်တဲ့အထဲပါတယ်နော်။
your trusted friend,
Dan.
Original Review Link…https://www.facebook.com/Dan’s Diary-Cosrx ALoe Suncream– Review