Anua Airy Sun Cream Review is coming 🤩🤩🤩 Review by ‘Skincare by May’

Anua ကို အရင်က ယမုံ review ရေးဖူးတယ်နော် .. သူ့ sunscreen ကို အကြိုက်ဆုံးပဲဆိုပြီး တကယ်လည်း ပစ္စည်း ပြတ်သွားတဲ့ထိကို သုံးခဲ့တာ .. ခု အသစ် update လုပ်ပြီး ပြန်ရောက်လာတော့လည်း အရမ်းကို သုံးကြည့်ချင်တာနဲ့ သကြ်န်မတိုင်ခင် အသဲသန်မှာပြီး သုံးခဲ့တယ် 

ဘယ်လိုပြောရမလဲ ?
ဘာအကြောင်းပြချက်မှမပေးပဲ ရုတ်တရက်ထားခဲ့တဲ့ ချစ်ရတဲ့ Ex ကို ပြန်တွေ့တော့လည်း ရင်ခုန်စွာနဲ့ ချစ်နေတုန်းပဲဆိုတဲ့ ခံစားချက်မျိုး .. ဟီးဟီး
Now We r breaking up ထဲကလိုပေါ့ 



စစမ်းကြည့်တဲ့အချိန်မှာအရင်ကလိုပဲ ကောင်းပါ့မလားဆိုတဲ့ feeling နဲ့ တဒိတ်ဒိတ်ပေါ့ ..




ဈေးနှုန်းက 50 ml – 27500 မို့ ဈေးနှုန်းက Anessa လောက် ဈေးမကြီး အရမ်းလည်း မသက်သာပဲ အလယ်လတ်ထဲမှာပါတယ် .. ဒါပေမဲ့ ဝက်ခြံ အဆီဖုမထွက်ပဲ အဆီပြန်တာ သက်သာပြီး တနေကုန် oxidize မဖြစ်တာနဲ့တင် တန်တာမို့ Must Buy ပါ ..
ခုလောက်ဆို Anua sunscreen မျှော်နေတဲ့သူတွေအတွက် review လေးဖတ်ပြီး ဝယ်သင့် မဝယ်သင့်ချိန်လို့ရပြီနော် ..
PS. ယမုံ လိမ်းထားတဲ့ပုံက nofilter natural light ပဲနော် .. ဖုန်းကင်မရာနဲ့ပဲ ဘာ effect မှမထည့်ထားတာမို့ texture နဲ့ look ကို မှန်းလို့ရအောင်ပါ..
Review တွေ ကြိုက်တာတွေ့မှ စိတ်ကူးပေါက်မှ ထထ ရေးတဲ့ ယမုံ့ကို အမြဲ ယုံကြည်ပြီး ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ် နော် ..
Skincare by May
Dr. May Yamone
30.4.2022 (Sat)
Original Post Link – https://www.facebook.com/permalink.php?story_fbid=542917400532924&id=100044440059319


