စေးကပ်ကပ်မဖြစ်ဘဲ ၅နာရီလောက်ခံတဲ့ body lotion Reviewed By “Beauty by Emerald”

စေးကပ်ကပ်မဖြစ်ဘဲ ၅နာရီလောက်ခံတဲ့ Body Lotion Reviewed By “Beauty by Emerald”

စေးကပ်ကပ်မဖြစ်ဘဲ ၅နာရီလောက်ခံတဲ့ body lotion
************************************************
ဟိုနေ့က ခွါညိုပြောပြမယ်ပြောထားတဲ့ body lotion လေး…အလုပ်မအားတာနဲ့ခုမှပြောဖြစ်တော့တယ်။
‼️ကိုယ့်ဘာသာဝယ်သုံးပြီး ကြိုက်လို့ရေးတာဖြစ်ကြောင်း‼️
ဒီဟာလေးက Kundal Myanmar_Official က ဟာလေးပါ။ သူက shampoo တွေ lip balm တွေ စသဖြင့်အများကြီး ထွက်တဲ့ထဲ ခွါညို ဒီ body lotion တခုဘဲစမ်းဖူးပါသေးတယ်။
သူ့ကိုဘာလို့ကြိုက်လဲဆိုရင်…
– လိမ်းလိုက်ပြီး ၁မိနစ်ဆိုအကုန်စိမ့်ဝင်သွားတယ် စေးစေးချွဲချွဲမဖြစ်ဘူး။
– အဲလိုစိမ့်ဝင်မြန်ပေမယ့်လည်း moisture ဓါတ် rich ဖြစ်တယ်။
– အစိုဓါတ်လည်းလုံးဝအပြည့်အဝ lock လုပ်ပေးနိုင်တယ်။
– အသေကြိုက်တာက အနံ့။ သူကအနံ့တွေအမျိုးမျိုးလာပေမယ့် ခွါညိုက ဟိုးငယ်ကတည်းက Victoria secret မှာဆို Japanese cherry blossom သရဲမို့ သူ့ကိုလည်း အဲအနံ့ရွေးဖြစ်တယ်။ ရွေးခြယ်မှာ ၁၀၀%မှန်ကန်ခဲ့တယ်။
– သူ့အနံ့က ၅နာရီလောက်ကို ကိုယ်မှာသင်းပြီးကျန်ခဲ့တယ်။ (ယောကျ်ားကတောင် အနံ့လေးသင်းနေတာဘဲလို့ ခဏခဏပြောတာ.. ဤကားစကားချပ်😜)
– အနံ့လေးက ပေါမနေဘဲ luxury ဆန်တယ်။
– အဲလိုကောင်းလို့စျေးကြီးမယ်မထင်နဲ့။ ခွါညိုဝယ်ထားတာ 500ml size ကြီးကိုမှ ၂သောင်းအောက်ဘဲ။
– ခုတော့ 258ml ဆိုလား (အသေးစိပ်မမှတ်မိ 200ကျော်ဘဲ) အဲဒါလည်း လာတယ်လို့တွေ့မိလိုက်ဆယ်။
– ဒီတော့ lotion မွှေးမွှေးလေးနဲ့ ကောင်းတာလေးလိုချင်တယ်ဆိုရင် အဲဒါလေးကိုရွေးကြည့်ပါလို့။
– ခွါညိုဝယ်တာကတော့ Beauty & Me ကပါ။
ချစ်တဲ့
ခွါညို (Beauty by Emerald)
 
 
….

Original Review Link… https://www.facebook.com/BEAUTY BY EMERALD-KUNDAL BODY LOTION– Review