Description
𝗖𝗢𝗦𝗥𝗫 𝗖𝗶𝗰𝗮 𝗦𝗲𝗿𝘂𝗺 𝗛𝗼𝗻𝗲𝘀𝘁 𝗥𝗲𝘃𝗶𝗲𝘄
မင်မင် live လေးကြည့်ဖူးတဲ့ အချစ်တွေဆို မင်မင် 𝗖𝗼𝘀𝗿𝘅 𝗖𝗶𝗰𝗮 𝗦𝗲𝗿𝘂𝗺 လေးသုံးနေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ … အခုတော့ ကုန်သွားပီ
မင်မင်သုံးတဲ့ ၂လအတွင်း မှာ မင်မင်ရဲ့ personal review လေးတွေကို sharing ပေးချင်ပါတယ်ရှင့်
(မင်မင်က နည်းနည်းအသုံးကြမ်းရို့ ၂လနဲ့ကုန်တာပါ.. ပုံမှန်ဆို ၃~၄လလောက် သုံးရပါတယ်
)
Review လေးစမပြောခင် မင်မင်ရဲ့ အသားရေက … အဆီပြန် , ဝက်ခြံထွက်လွယ်ပြီး , ဝက်ခြံအမာရွတ်ကျန်တဲ့အသားရေပါရှင့် .. Sensitive မဖြစ်ပါဘူး .. မင်မင်နဲ့ အသားရေ နီးစပ်သူတွေ အတွက်လဲ ဒီ 𝗖𝗶𝗰𝗮 𝘀𝗲𝗿𝘂𝗺 လေးက အဆင်ပြေနိုင်မပြေနိုင်ကို အောက်မှာ ဆက်ဖတ်ပေးပါနော် 
စမ်းသပ်ချင်တဲ့ သဘောနဲ့ စသုံးဖြစ်တာပါ … soothing & calming effect လဲ ပါတယ်ဆိုတော့ စိတ်လဲဝင်စားတယ် .. ပီးတော့ sensitive skin အတွက် mild ဖြစ်တဲ့ serum ဆိုတော့ မင်မင်လို normal skin တွေအတွက်လဲ အဆင်ပြေပါ့မလားသိချင်လို့ စသုံးကြည့်ဖြစ်သွားတာပါ .. (အမှန်တိုင်းပြောရရင်တော့ အရမ်းမမျှော်လင့်ထားဖူး အရမ်း mild ဖြစ်တယ်ဆိုတော့လေ)
> texture က မပြစ်ဘူး, လိမ်းရတာအဆင်ပြေတယ် ..
> အသားထဲစိမ့်ဝင်လွယ်တယ်
> အနံ့လုံးဝမရှိလို့ အနံ့ sensitive ဖြစ်တက်တဲ့ သူတွေဆို သဘောကျလောက်တယ်
> သုံးတာ ၁ရက် ၂ရက်ပဲ ရှိသေးတော့ ဝက်ခြံက သိသိသာသာကြီး မလျော့ကျသေးဘူး ပုံမှန်ပဲမို့ .. အရမ်း mild ဖြစ်လို့ မင်မင့်အသားရေကို မတိုးတာလားဆိုပြီး စဉ်းစားမိသေးတယ် .. ဒါပေမဲ့ သေချာသိချင်လို့ဆက်သုံးကြည့်တယ်
> မြုံနေတဲ့ဝက်ခြံဖု အကြီးတွေ calm ဖြစ်သွားတာ သတိထားမိတယ် .. ပိုကြီးလာတာ ယောင်လာတာမဖြစ်တော့ဘူး
> တစ်ခြားဝက်ခြံတွေလဲ သက်သာလာတယ်
> နောက်တစ်ခုပိုသိသာတာက ဝက်ခြံအသစ် မထွက်သလောက်နည်းသွားတယ်
( ဝက်ခြံရဲ့ အဓိကပြဿနာက အာ့ပဲလေ .. ထွက်နေတာတွေကုနေရင်း မပျောက်ခင် အသစ်ကထွက်လာလိုက် သံသရာလည်နေတာ
… တစ်ခြားနေရာတွေမှာ ဝက်ခြံအသစ်ထပ်ထွက်မလာတာကို သဘောကျလွန်းလို့ တစ်ဗူးလုံးကုန်တဲ့အထိဆက်သုံးဖြစ်သွားတာ
)
> ခုနက ပြောသလိုပဲ ဝက်ခြံအသစ်က ထွက်တာရှားသွားတယ် .. အလွယ်ပြောရရင် ဝက်ခြံတွေကို ထိန်းပေးထားတဲ့သဘော .. အသားရေက လုံးဝ calm ဖြစ်နေတာ .. skin barrier ကောင်းလာတာမျိုး 
> ဝက်ခြံတွေသက်သာသွားပြီး အမာရွတ်ပါးပါးလေးတွေပဲကျန်တယ် .. (အာ့ကလဲ မင်မင်က နဂိုထဲက အမာရွတ်ကျန်လွယ်ပီး ပျောက်ဖို့ကြာတက်တဲ့အသားရေမို့ပါ… အရင်ကဆို အမာရွတ်တစ်ခုကို ၆လလောက်ကြာခဲ့တာတွေတောင်ရှိတယ်
)
> ဒါကတော့ skin ကို calming ဖြစ်စေချင်တဲ့ အနေနဲ့ဆက်သုံးတာပါ .. ဘာလို့လဲဆိုတော့ ဝက်ခြံသက်သာသွားပြီဆိုပြီး skin care ချက်ခြင်းပြောင်းတာမျိုးက အခန်မသင့်လို့ ပြန်ထွက်လာရင် အစကနေပြန်ကုရမှာမို့ အချိန် ၂ခါကုန်ပါတယ်နော် (ဝက်ခြံကအရှင်းပျောက်တာမဟုတ်ပဲ မြုံနေတာရှိနေတက်လို့ပါ .. ကိုယ်တွေ့နော်
)
> ကိုယ့်အသားရေနဲ့ အဆင်ပြေတယ်ဆို ၁ဗူးကုန်တဲ့အထိ ဆက်သုံးပါ .. အရင်အသားရေနဲ့ယှဉ်ပြီး သက်သာသွားတာလေးတွေကို တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်နေလိုက်ပါ 









Reviews
There are no reviews yet.